Kokura ကနေ သင်္ဘောလေး စီး ပြီး ၊ ၃၅ မိနစ်လောက် နဲ့ လွယ်လွယ် ကူကူ သွားလို့ ရတဲ့ Ainoshima ကျွန်း ။ အိမ်ခြေ ၁၀၀ ခန့် သာ ရှိတဲ့ ထို ကျွန်းလေး ဟာ အကျယ် 0.7 square kilometers ခန့် သာ ဖြစ်ပြီး ၊ တစ်ရက် ထဲ နဲ့ တစ်ကျွန်းလုံး ကို ပတ်ပစ် လို့ ရပါတယ်။ အပျော်တမ်းငါးမျှား ခြင်း နဲ့ ကျွန်း အတွင်း အလည် အပတ် အတွက် အသင့် တော် ဆုံးနေရာတစ်ခု ။

သွား ရောက် လည်ပတ် သင့် တဲ့ နေရာ ကတော့ ၊ ကျွန်း ရဲ့ မြောက်ဖက်တွင် ရှိသော ( Sen Jyo Shiki ) ။သင်္ဘော ဆိုက် ကပ်ရာ ခိမူရ ငါးဖမ်းဆိပ် ကနေ လမ်းလျောက် သွား လိုက်ရင် ဘယ်ညာ အချိုး တွင် ညာဖက် ကလမ်း ကို ၀င် လိုက် ပါ။

Sen Jyo Shiki ဆို တာကတော့ ဒီ ရေ ကျ သွား တဲ့ အချိန် မှာ ပေါ်လာ တဲ့ ကျောက် ဖျာ ကြီးတွေပဲဖြစ်ပါတယ်။ ထိုနေရာမှ နေပြီး ခိုင်း ကျွန်း ( ခရုကျွန်း ) ၊နောက် ပြီး ဒီရေ အကျ မှာ ညာ ဖက် ကို ဆက် သွား ရင် ဟိမဲကျွန်း ( မင်းသမီးကျွန်း ) တို့ ကို တွေ့ မြင် ရမှာ ဖြစ်ပြီး ကံကောင်းလို့ ဒီ ရေ အကျ နဲ့ ကြုံ ခဲ့ရင်တော့ နှစ်ကျွန်း လုံး ကို ခြေ လျင် လျှောက် ပြီး သွား လို့ ရပါတယ်။ ပင်လယ်ရေက ရေ အကြည် အမျိုး အစား ဖြစ် ပါတယ်။ ရာသီဥတုကောင်းကောင်း မှာ သွား ပြီး ကျောက် ဖျာ ကြီး တွေ ကို မြင် စေ့ ချင်တယ်။ အဲ ! ကျွန်းမှာ BBQ လုပ် မယ် ဆို ရင်တော့ ကိုယ့် အမှိုက် ကို ပြန် သယ် သွား ဖို့တော့ မေ့ မနေနဲ့ နော်။ နောက်ပြီး အခြား ကမ်း ခြေ မှာ လို ရေချို ထားပေး မထား တဲ့ အတွက် ပြင်ဆင် သွား ဖို့တော့ လိုမယ်နော့ ။ သင်္ဘော ဆိုက် တဲ့ နေရာ နဲ့ Sen Jyo Shiki က ခြေ လျင် မိနစ် ၃၊၄၀ ခန့် ကြာပါတယ်။

Sen Jyo Shiki ကို သွားတဲ့ လမ်း မှာ ပဲ အရင် က မှောင်ခို သင်္ဘော တွေ ကို စောင့် ကြည့် ဖို့ ရန် ၁၇၂၁ ခု နှစ် က ဆောက် လုပ် ထား တဲ့ စင်ကြီး ကို လဲ ရောက် အောင် သွားနော်။ ဆိုင်းဘုတ်တွေ ကတော့ အတော် ကြာနေပြီ ဖြစ်တာ မလို့ သေချာ ကြည့် သွားနော် ။

ကျွန်း ပတ်ပတ် လည် လျှောက် သွား မလား ဒါမှမဟုတ် ပင်လယ် ရေဆော့ မလား yes ။တစ်ပြိုင် တည်း သင်္ဘောလေး စီး ရင်း နဲ့ အပမ်း ဖြေ ခရီး သွား ရင် ကိုယ် စိတ် နှလုံး အပမ်းဖြေကျရအောင်။

နာရီနှင့်အားလပ်ရက်များ: 

daily

အဖိုးအခ: 

Kitakyushu Municipal ferry Kokura route Ogura-Ainoshima
Adult round trip 800 yen (one way 400 yen)
Children round trip 400 yen (one way 200 yen)

ယာဉ်ရပ်နားသတင်းအချက်အလက် (အထံတော်နှင့်အဖိုးအခ): 

မရွိ

သယ်ယူပို့ဆောင်ရေး၏နည်းလမ်းများ: 

Kitakyushu Municipal ferry Kokura route Ogura-Ainoshima(ဥမ ရှိမားကျွန်းတွင် ခဏနားမည်)
အသွား ၃၅ မိနစ်ခန့်
※ဆက်သွယ်မေးမြန်းရန်- Kitakyushu ferry office 093-861-0961
※ ၁ရက်လျှင် ၃ကြောင်းပြေးဆွဲပေးသည်။
※သင်္ဘော အကြီးစား မဟုတ် သည့် အတွက် ကားတင်လို့ မရပါ။
 

802-0091

 

施設一覧
地図下部のアイコンを 選択してください
 

 

  • 自然景観
  • 歴史・文化
  • 温泉
  • レジャー・
    スポーツ
  • 食・お土産
  • 宿泊情報
  • ショッピング
  • お勧め
  • 同国人