ဘွန်းဂေါတာဂတ မြို့ ( ရှောဝ ခောတ် မြို့ကလေး ) ။ဂျပန် နိုင်ငံ ရဲ့ ခောတ် တွေ ဖြစ်တဲ့ အထဲ ၁၉၅၅ ခုနှစ် ရှောဝ ခောတ် က ထင်ပေါ်ကြားကြား ပြီး ၄င်း ပုံစံအတိုင်း ထို မြို့ က အရောင်း ဆိုင် များ ကို ပြန်လည် အသက် သွင်း ထားကာ ၊ ရောက် ဖူး သူ တိုင်း ၁၉၅၀ နှစ် လောက် တုန်း က ဂျပန် နိုင်ငံ ကို ပြန် လည် သတိ ရသွားစေမယ့် မြို့လေး တစ်မြို့ ဖြစ်ပါတယ်။

မြို့တွင်း ရှိ အရောင်း ဆိုင် များ မှာလဲ ယခင်ကတည်း က ရှိ ခဲ့ တဲ့ ဘိုးဘွား ပိုင် လုပ် ငန်း များ ဖြစ်ကာ ဆိုင်ရဲ့ ဆိုင်းဘုတ် များ ၊ အဆောက် အဦးများ က ၊ေ၉၅၀ ၀န်း ကျင် တုန်း က ပုံစံ အတိုင်းပင် ရှိသောကြောင့် မြို့လေး ထဲ ကို ဖြတ် သွား လိုက် ရင် ပဲ၊ ခောတ်နောက်ပြန် ရောက် သွား သလို ခံ စား ချက် ကို ရရှိနိုင် တဲ့ နေရာလေး ဖြစ်ပါတယ်။ ထို့ အပြင် ထိုခေတ် က ပြေး ဆွဲ ခဲ့ တဲ့ ဘတ်သ်ကား ကို လည်း ရုံး ပိတ် ရက်တွေ မှာ မြို့ ပတ် ခရီး သွား ကား အနေဖြင့် အခ မဲ့ ပြေး ဆွဲ ပေးလျက် ရှိပါတယ်။ ဖုခိဂျိ စေတီ၊ မာ့ခိ အိုးဒိုး ရုပ်ထုနေရာတွေ နှင့် ခုမနော့ဂိုင်း ဘုရား ရုပ်ပွားတော် အစရှိတဲ့ လည်စရာပတ်စရာများ ရှိ ပြီး ထိုနေရာ များ ကို အစီအစဉ် ဖြင့် ပြေးဆွဲ ပေးပါသေးတယ်။ ၄င်း ဘတ်စ် ကား ရဲ့ ပြေးဆွဲ ခြင်း အချိန် ဇယား မှာ အတည် တကျ မရှိခြင်း ကြောင့် ဘွန်းဂေါတာဂတ မြို့ လေး ကို အလည်သွား ရင် မြို့ ရဲ့ အင်တာနက်စာမျက် နှာကို ဖွင့် ကြည့်ဖို့ မမေ့ နဲ့ နော်။

 

(出典:www.visit-oita.jp

(Photo courtesy: creative commons

 

879-0628

 

施設一覧
地図下部のアイコンを 選択してください
 

 

  • 自然景観
  • 歴史・文化
  • 温泉
  • レジャー・
    スポーツ
  • 食・お土産
  • 宿泊情報
  • ショッピング
  • お勧め
  • 同国人