ဂျပန်နိုင်ငံ ကျူရှူးပြည်နယ် ဖုခအိုကမြို့ အရှေ့ပိုင်း တွေ တည်ရှိသော ခရှိ နတ်ကျောင်း ပဲဖြစ်ပါတယ်။ ထိုကျောင်းတွင် ကိုးကွယ် ထား တဲ့ နတ် မင်း ကြီးကတော့ ချူးဆဲစွတ် ဘုရင်နဲ့ ရှင်းဂု ဘုရင် တို့ ပဲဖြစ်ပါတယ်။ အဆောက် အဦး မှာလဲ လွန်စွာ ရှေး ကျကာ ရှေးဟောင်း လက်ရာများ ထင်ကျန် နေဆဲဖြစ်တဲ့ နတ်ဘုရားကျောင်း တစ်ခု အနေဖြင့် ရပ်တည်လျက်ရှိပါတယ်။ မူလလက်ရာ ကို အယ်ဒိုခောတ် ( ဆာမူရိုင်းခောတ်) လောက် က ပြန်လည်မွမ်းမံ ခဲ့ ပြီး နိုင်ငံတော် ရဲ့ ထိပ်တန်း ယဉ်ကျေး မှု လက် ရာာ တစ်ခု အဖြစ် မှတ်တမ်းတင်ထားခြင်းခံထား ရပါသေးတယ်။ ကျက်သရေဆောင်တွင်မူ ရှေးဟောင်း ရုပ်ထုတွေ ၊ ကျမ်းစာတွေ ၊ ပန်းချီတို့ ကို ပြသထား ပါတယ်။ မင်းမှုထမ်း တို့ လာရောက် ဂါရ၀ ပြုလေ့ ရှိတဲ့လမ်းလေး ကတော့ မီတာ ၈၀၀ခန့် ရှိပြီး တစ်ဖက်တစ်ချက်မှာ သစ်ပင်ပန်းမံတို့ က စီတန်းပေါက်ရောက်နေပါတယ်။ ထိုကျောင်းတော် တွင် ( မအိုဆေးရေ ) က ရှိတယ် ဆို ပြီးတော့ လည်း နာမည်ကြီး ပါတယ်။ နောက် ပြီး ၁၀ နှစ် တစ် ကြိမ် ကျင်းပလေ့ ရှိတဲ့ ဘုရားပွဲ ကလဲ လာရောက် လည်ပတ်သူများဖြင့်ပြည့်နှက် လျက် ရှိပါတယ်။
ခရှိ နတ်ကျောင်း က သမိုင်းဝင်နတ်သစ်ပင်ကြီး
ဝင်ပေါက် က နေ၀င်လိုက် လျင် ဘယ်ဖက် တွင် ယွန်းရောင် အဆောက်အဦးကြီး ကို မြင်တွေ့ ရမှာ ပဲဖြစ်ပါတယ်။ နောက် ပြီး ၄င်း ရှေ့ တည့်တည့် မှာတော့ အကိုင်းအခက် ကြီးမား လှတဲ့ ယင်းမာပင်ကြီး ကို တွေ့ မြင် ရမှာ ဖြစ်ပြီး ထို အပင် ကြီး ကို နတ်သစ် ပင် ကြီး လို့ ခေါ် ဆို ကျပါတယ်။
၂၀၀ ခုနှစ်မှာ ရှင်းဂု ဘုရင်မင်းမြတ်ကိုယ်တိုင် စိုက် ပျိုးထား ခဲ့ တယ် ဆို ပြီး အသက် ၁၈၀၀ နှစ် ရှိတဲ့ ထို သစ်ပင် ကြီး ဟာ ဂျပန် နိုင် ငံ က သီချင်း များ ကဗျာ များတွင် လဲ ခေါင်းစီးပိုင်းက နေရာယူလေ့ ရှိပါတယ်။ မည်သည့် ပညာ ဖြင့် မှ ပြု ပြင်ထား ခြင်း မရှိ တဲ့ ထို အပင် ကြီး ဟာ လက် ရှိအချိန် အထိ ကျန်းမာ နေပြီး ၁နှစ်ပတ် လုံး ယင်းမာပန်းပွင့် များ ကို တွေ့ မြင် နိုင် မှာ ပဲဖြစ်ပါတယ်။
မအိုဆေးရေ
နတ်ကျောင်း ရဲ့ အနောက် ဖက် ကျကျ မှာ တည်ရှိတဲ့ ထို မအို ဆေး ရေ ကို ထိုခောတ် စားတော်ကဲ ကြီး တာခဲဥချိ က ဘုရင်မင်း မြတ် အတွက် အစားအစာ ချက် ပြုတ် ရာ တွင် အသုံး ပြု ခဲ့ တယ် လို့ သိရပါတယ်။ ထို့ အပြင် မိမိကိုယ် တိုင် လဲ မှီဝဲ သုံး စွဲ ခဲ့ တယ် လို့ ဒေသခံများ ကပြော ဆို ကျပါတယ်။ ယင်း စားတော်ကဲကြီးမှာ အသက် ၃၀၀ အထိ နေခဲ့ ရတဲ့ လူတစ် ယောက်လဲဖြစ်ပါတယ်။ နတ်ကျောင်းဖွင့် ချိန် မနက် ၁၀ နာရီမှ ညနေ ၃ နာရီထိ
(Photo by creative commons)
နာရီနှင့်အားလပ်ရက်များ: 
၁၀လပိုင်း ~ ၃လပိုင်း ၆း၀၀ ~ ၁၇း၀၀
အဖိုးအခ: 
အခမဲ့
ယာဉ်ရပ်နားသတင်းအချက်အလက် (အထံတော်နှင့်အဖိုးအခ): 
 အစီး ၃၅၀ ခန့်
သယ်ယူပို့ဆောင်ရေး၏နည်းလမ်းများ: 
 kashimiya station ကနေ ခြေလျင် ၃မိနစ်ခန့်
Fukuoka Prefecture, Higashi-ku, Fukuoka Kashii 4-16-1
813-0011
Phone092-681-1001
施設一覧
地図下部のアイコンを 選択してください
  • 自然景観
  • 歴史・文化
  • 温泉
  • レジャー・
    スポーツ
  • 食・お土産
  • 宿泊情報
  • ショッピング
  • お勧め
  • 同国人
There are Onsen Ryokan and Hotel persons interested in this article.