ရဲတိုက် ရဲ့ အောက် ခြေ မြို့လေး ၊ နိုင်ငံကျော် ကဗျာဆရာ တို့ ရဲ့ မွေးရပ်မြေလေး ရာနဂါဝ ။ မြို့ လေး ထဲ ကို အလည် အပတ် သွား ရန် ကတော့ အပျော် စီး လှေကလေး တွေ ( ခါဝခုဒရိ) ပဲဖြစ်ပါတယ်။ နွေဦး ၊နွေ၊ ဆောင်ဦး၊ဆောင်း လေး ရာသီ မရွေး အလှအပတို့ ကို ကြည့်ရှု နိုင်တဲ့ နေရာလေး ပဲဖြစ်ပါတယ်။

 

 ဒီ အပျော် စီး လှေကလေး မှာ တော့ လှေဦး စီး တစ်ယောက် ပါပြီး လှော်တံ တစ်ချောင်း နဲ့ ဖြေးဖြေး ငြိမ် သက် စွာ လှော် ခပ် ပေး တဲ့ အတွက် ရေ ပြင်လေး ကို ကြည့် ရင်း ငြိမ့်ညောင်းစွာ လှေ စီး လို့ ရပါတယ်။ ဓါတ်ပုံ ထဲမှာ ပါတဲ့ လှေဦး စီး ကတော့ တာနာကခါစွတ်ယုခိ လို့ ခေါ်တဲ့ အတွေ့ အကြုံ နှစ် ၃၀ ရှိတဲ့ လှေဦးစီး တစ်ယောက်ပဲဖြစ်ပါတယ်။ သူက ( အရင်ကတည်း ကလှေပေါ်ကနေ မြင်တွေ့ နေရတဲ့ မြင်ကွင်းတွေ က ယခု ထိ မပြောင်းလဲသေးပါဘူး။ လေးရာသီ လုံး မတူ ညီ တဲ့ အလှ အပ တို့ ကို ခံစား ရင်း ဒီ အချိန် ထိ ရောက်လာတဲ့ အကြောင်း ) ကို ပြော ပြပါတယ်။ လောက်ရောက် လည်ပတ် ရင်း လှေစီး ကျသူ တို့ ကတော့ မိသားစုတွေ ၊ လေ့လာရေးခရီးထွက်လာတဲ့ ကျောင်းသားလေး တွေ လဲ များပြားပေမယ့် ၊ တရုတ် နိုင်ငံ ၊ ကိုရီးယား နိုင်ငံ က ဧည့်သည် တော် တို့ နှင့် လည်း အများ အပြားလာရောက်လျက် ရှိပါတယ်။လှေ ဦး စီးဟာ လှေကိုလှော် ရင်း နဲ့ ရှုခင်းတွေ အကြောင်း ကို ဟာသလေးတွေ ၊ ရာဇ၀င်လေးတွေ ရောယှက် ကာ ရှင်းပြလေ့ ရှိပါတယ်။ ဂျပန် ဘာသာ စကား ကို နားမလည် တဲ့ ဧည့်သည်တော်များ အတွက် လဲ အင်္ဂလိပ်လိုလေး ညှပ်ညှပ် ပြီး ရှင်းပြလေ့ ရှိပါသေးတယ်။လှိုင်းကြက်ခွပ်လေး တွေ ထနေ တဲ့ ရေပြင် ၊ ပုခပ်လွှဲသလို ငြိမ့်ငြိမ့် နဲ့ လှေစီး တဲ့ အရသာ ကို နိုင်ငံခြား က ဧည့်သည်တော် များ လဲ ကြိုက် နှစ် သဘောတွေ့ ကြပါတယ်။

 

 

နာရီနှင့်အားလပ်ရက်များ: 

မနက် ၉ နာရီကနေ နေ၀င်ချိန်ထိ ( လှေ ပေါ်မှာ မူတည်ပြီး ပြောင်းလဲ နိုင်)

ပိတ်ရက် မရှိ

အဖိုးအခ: 

  အလယ်တန်းကျောင်းသားအထက်  ၁၅၀၀ယန်း - ၁၆၀၀ ယန်း

ကလေး ၈၀၀ ယန်း ကနေ ၈၂၀ ယန်း

*စင်းလုံးပြတ် ငှား ခြင်း ဆောင်ရွက် ပေးနေပါပြီ။

သယ်ယူပို့ဆောင်ရေး၏နည်းလမ်းများ: 

・By train - Take the Nishitetsu “Tenjin-Omuta” Line to Yanagawa Station
・By car - A 30 minute drive from the Miyama Yanagawa Interchange off the Kyushu Expressway

832-0068

 

施設一覧
地図下部のアイコンを 選択してください
 

 

  • 自然景観
  • 歴史・文化
  • 温泉
  • レジャー・
    スポーツ
  • 食・お土産
  • 宿泊情報
  • ショッピング
  • お勧め
  • 同国人