(ဆာဂ) လို့ ခေါ်တဲ့ ခရိုင် နာမည်ကို အကြိမ် များစွာ ကြားဖူးပေမယ့် ၊ နောက်ဆုံးမှာ တော့ ရောက်လာ ခဲ့ ပါပြီး ။
ပထမဦးစွာ ဆာဂခရိုင် ရဲ့ မြောက်ဖက်တွင် ရှိသော (ခါရစွတ် ) လို့ ခေါ်တဲ့ မြို့ ကို ထွက် ခွာလာခဲ့ပါတယ်။ဖုခုအိုက လေဆိပ်ကနေ ကား နဲ့ ၂နာရီခန့် ကြာပါတယ်။
လောလော ဆယ် ၊ဆာဂ ရဲ့ နာမည်ကြီး ဟင်းလျာ ( ရော်ဘုကိုးနော့ အိက ( ကင်းမွန် ) ) ကို စားပါတယ်။ အရမ်း စားလို့ကောင်း ပါတယ်။
အဲ့ဒီ ဆိုင် က ဘာကကောင်းလဲ ဆိုတော့ လတ်လတ် ဆက်ဆက် ကင်းမွန်တို့ ကို အသုံး ပြု ခြင်း ပဲဖြစ်ပါတယ်။အပြင်အဆင် ကလဲ အရမ်း ကောင်း ပြီး အရသာ လဲ ရှိပါတယ်။
ပဲငံပြာရည် လေး နဲ့ တို့ စား မလား ၊ ဒီ အတိုင်းး စား မလား ဘယ်လို စားစား စားလို့ကောင်းပါတယ်။
အသားငါး အစိမ်း မကြိုက် တဲ့ သူ လဲ ပဲ ၊ ကင်းမွန် တမ်ပူရာတို့ ကင်းမွန် ကင် တို့ ကို လည်း မှ ယူ စား သုံး နိုင် ပါတယ်။ သေချာပေါက် မှာ စားကြည့်ပါ။
ဗိုက် လဲ အပြည့် ဖြစ်သွား ပြီး တော့ ၊ ဆုဂိနော့ဟာရ လို့ ခေါ် တဲ့ နွားမွေး မြူရေး ခြံ ကို ရောက်လာပါတယ်။နွားလေး တွေ နဲ့ လဲ တွေ့ ခဲ့ ပါတယ်။
ပုံမှန် မြင်တွေ့ နေကျ နွား မဟုတ် ပဲ၊ ဒီ မှာ ရှိတဲ့ နွားတွေ ဟာ ဈေး အင်မတန် ကြီး တဲ့ ဆာဂနွားတွေ ပဲဖြစ်ပါတယ်။နောက် ပြီး ဒီ ခြံ ကြီး က တော့ ပင်လယ် ကြီး ကို ကြည့် ရှု မြင် တွေ့ နိုင် တဲ့ တောင်ကုန်းပေါ် မှာ တည်ရှိခြင်း ပဲဖြစ်ပါတယ်။
လေလေး တစ်ဖြူး ဖြူး ၊ လူ ခြေသူခြေ လဲ နည်း ပါး တဲ့ အတွက် အဲ့ လို နေရာ မျိုး ကြိုက် တတ်တဲ့ သူ ကတော့ ဆုဂိနော့ ဟာ ရကို လာ လည် ပါလို့ ဖိတ် ခေါ် ချင် ပါတယ်။
နောက်သွား ခဲ့ တဲ့ နေရာာ ကတော့ ( ဟာဒိုမီစခိ ) ပဲဖြစ်ပါတယ်။ ( stay saga ) ဆို တဲ့ ရုပ်ရှင် ကို ကြည့် ဖူး တဲ့ သူတွေ ကတော့ သိလိမ့် မယ်။
ဒီ နေရာ လေးကလဲ ဇာတ် ၀င်နေရာလေး တစ် နေရာ ပဲဖြစ်ပါတယ်။နောက် ပြီး အသဲပုံ ပုံ စံလေး ဖြစ်နေတဲ့ ကျောင်း ရုပ် ထု လေး ဟာ လဲ ချစ်သူရည်းစားတွေ လာ ရောက် လည် ပတ် ရန် ကောင်းတဲ့ နေရာလေး တစ် ခု လဲဖြစ်နေပါတယ်။
ဓါတ်ပုံ ရိုက် ထား တဲ့ နေရာ ကနေ နဲနဲ လမ်းလျှောက်ရတဲ့ နေရာ မှာ ပင်လယ်မီးပြတိုက် ကိုတွေ့ မြင်ရမှာ ဖြစ်ပါတယ်။ ငါး တွေလဲ အများ ကြီး တွေ့ ခဲ့ ရပါတယ်။
နောက်ပြီး ၊ ငါးစာလေးတွေ လဲ ကျွေးလို့ ရပါသေးတယ်။တကယ့် ကိုနေရာကောင်းလေး တစ် ခု ပဲဖြစ်ပါတယ်။
နဲနဲ ပင်ပမ်း သွား ရင်တော့ ရေခဲ ခြစ် ရောင်းနေ တဲ့ ကားလေး ရှိပါတယ်။နေပူ လောင် ခံချင်ရင်တော့ ပင်လယ်ကမ်းခြေမှာ ထိုင်တာ တို့ အိပ် တာ တို့ လုပ် လို့ ရပါသေး တယ်။
အဲ! ဗိုက်ဆာ လာရင်တော့ အနီးနားမှာ စဇာ အဲ နော့ စွတ် ဘိုး ( ဂုံး ) ကု တို့ အာဝဘိ (ပင်လယ်ခရု) ကင် တို့ ရောင်းနေတဲ့ ဆိုင်တွေ အများ အပြား ရှိပါတယ်။
ပင်လယ်ခရု ၃ကောင် ၅၀၀ ယန်း ၊ စားလို့ အလွန်ကောင်းပါတယ်။
မြို့တွင်း ပြန်ဝင်လာတော့ ခါရစွတ် ရဲ တိုက် ကို မြင် တွေ့ ရပါတယ်။ခါရစွတ် မြို့ ရဲ့ သင်္ကေတ လို့တောင် ပြောလို့ ရပြီး ပတ်ပတ်လည်ကတော့ ပင်လယ် ပဲဖြစ်ပါတယ်။
မြို့ အလှ ကို အပေါ် စီး ကနေ ကြည့် ချင်တယ် ဆို တဲ့ သူတို့ ကတော့ ခါဂမိ ရာမတောင် ကို တက်ပါ။
တောင်ပေါ်ကဆို ရင် ၃၆၀ ဒီ ဂရီ က သဘာဝရှု ခင်း ပဲဖြစ်ပြီး ခါရစွတ် မြို့ ရဲ့ အလှကို ကြည့်လို့ ရပါတယ်။အရမ်းကို လှပခဲ့ပါတယ်။
စကားမစပ် ၊ ၄.၅ ကီလို မီတာလောက် ဝေးတဲ့ နေရာမှာ ရှိတဲ့ နိဂျိနော့မစွတ်ဘာရာ ကို လဲ မေ့ မသွား နဲ့ ဦးနော်။
(အယ် ! ကား နဲ့ ဆိုင်က ဘာပါလိမ့် ? ဘာလို့ ဒီ နေရာ မှာ ရှိတာ ပါလိမ့် ? ) ဘာလား ဆို ရင် ဒါကတော့ ခါရစွတ် မြို့ ရဲ့ ဟမ်ဘာဂါ ရောင်းနေ တဲ့ ကား ပဲဖြစ်ပါတယ်။
နှစ်၅၀ ကြာ အောင် အရသာ ရှိတဲ့ ဟမ်ဘာဂါ ကို ရောင်း ချ လာ ခြင်း ပဲဖြစ်ပါတယ်။
ပြီးနောက် ဖေါရပ်စ်အင်း အဲမရီ ဟော်တယ် မှာ တည်း ခို ခဲ့ပါတယ်။
ဆာဂ က နာမည် ကြီး ဂျပန် အမဲ သားလေး နဲ့ ညစာစား ရင်း အနားယူပါတော့မယ်။