I want to visit this.: 
No votes yet
2016/08/22

 

ဆာဂ မြို့ ကို ရောက်လာခဲ့ပါပြီ။ ဆာဂ မြို့ ဟာ သာယာလှပပြီး ၊သာယာလှပတဲ့ ပတ်ဝန်း ကျင်တို့ ကြောင့် လေလဲ အလွန် သန့် ပါတယ်။

လောလောဆယ်တော့ ပင်လယ်နားမှာရှိတဲ့ ( ခိုင်းဂျောအိက စိုင်ကိုးတဲ ) လို့ခေါ်တဲ့ စားသောက်ဆိုင်မှာ ကင်းမွန် စာရှိမိ (အစိမ်း)ဟင်းလျာကို စားသုံးခဲ့ပါတယ်။

တကယ်က အစိမ်းစားရတဲ့ အစားအစာ သိပ်မစားနိုင်ပေမယ့် လက်တွေ့ စားကြည့်တဲ့ အခါ မှာ အင်မတန်စားလို့ကောင်းပါတယ်။

နောက်ပြီး ကင်းမွန် တမ်ပူရာ ကလဲ အလွန် စားလို့ကောင်းပါတယ်။

 

 

ဒီနေရာလေးကတော့ စုဂိနော့ဟာရ လို့ခေါ်တဲ့နေရာလေး ပဲဖြစ်ပါတယ်။ New Zealand လို ရှု ခင်းလေးတွေ ရှိပါတယ်။

ရာသီဥတု ပူနေပေမယ့် လေက တောက်လျှောက်တိုက်နေတာကြောင့် ပူတာကိုမေ့မေ့သွားပါတယ်။

 

 

အဲ့ဒီနောက်မှာ တော့ ဟာဒိုမီစခိ မှာရှိ တဲ့ ကမ်းခြေနဲ့ ပင်လယ် အလှ တို့ကို တစ်ဝ ကြီး ခံစား လာ ခဲ့ ပါတယ်။

 

 

နောက်တစ်ခုကတော့ ခါရစွတ် ရဲတိုက်ပဲဖြစ်ပါတယ်။လာလဲလာလို့ ရ ဓါတ် ပုံ လဲ ရိုက် လို့ ရနဲ့ ကံတော်တော်ကောင်းပါတယ်။

 

 

နောက်တစ်ခုကတော့ ခါရစွတ် ဟန်ဘာဂါ ပဲဖြစ်ပါတယ်။အရသာလဲ ရှိ ၊ ဆိုဒ်က လဲ အကြီး ကြီး နဲ့ တစ်ကယ်ကိုမိုက် ပါတယ်။

 

 

အဲ့ဒီနောက်မှာတော့ ခါ့ဂမိ ရာမတောင် ဖြစ်ပါတယ်။တကယ့် ကို သာယာ လှပ တဲ့ ရှု ခင်း ဖြစ်တာ ကြောင့်အရမ်းကို ကြိုက် သွားမိပါတယ်။

 

 

ဒီနေ့ တည်းမဲ့နေရာ ( ဖောရပ်စ်အင်း အယ်မာရိ) ကို ရောက်ရှိပြီး ညစာ သုံးဆောင်ခဲ့ပါတယ်။

အယ်မရိ က ဂျပန် အမဲသားကတော့ အစီ လဲ ပါ နူးညံ့ နေပြီး အရမ်းစားလို့ကောင်းပါတယ်။

နောက်ပြီး ဂုံးကောင်ကလဲ အနံ့လေးသင်းနေပြီး ချိုမြိန် တဲ့ အရသာရှိပါတယ်။

ဒီနေ့ ကတော့ တကယ့်ကို အစားကောင်းတွေ ချည်း စားခဲ့ ပါတယ်။

နောက်နဲ့ အတွက် ကတော့ ရင်ခုန် မိပါသေးတယ်။

 

 

"Hein Pyae Phyo"の旅行記

  1. おいしい豚カツ
Updated: 2016-10-17 16:47
Evaluation:
No votes yet
Updated: 2016-09-13 16:09
Evaluation:
No votes yet
Updated: 2016-09-12 16:09
Evaluation:
No votes yet
Updated: 2016-09-12 15:10
Evaluation:
No votes yet
Updated: 2016-09-12 14:03
Evaluation:
Average: 5 (1 vote)

စာမျက်နှာများ