I want to visit this.: 
No votes yet
2016/08/23

ဒုတိယနေ့ မှာတော့ ပထမဦး ဆုံး အိုးခါဝချိ ရာမ တောင် လို့ ခေါ် တဲ့ နေရာ ကနေ အစပျိုး ခဲ့ပါတယ်။ဒီနေ ရာ ကတော့ ဂျပန် နိုင် ငံ ရဲ့ အိုးဖုတ် လုပ် ငန်း မူလ နေရာ တစ်ခု ဖြစ်တယ် လို့ဆို ပါတယ်။

 

 

လွန် ခဲ့ တဲ့ နှစ် ပေါင်း ၃၀၀ လောက် က ဖြစ်ပါတယ်။ ကျနော် လဲ အိုး ဖုတ် ခြင်း ကို စက် ရုံ ထဲ အထိ ၀င်ရောက်လေ့ လာ ခဲ့ ပါတယ်။

ပုံစံသွင်း ခြင်း နှင့် ဒီဇိုင်း ရေး ဆွဲ ခြင်း တို့ ကို လေ့ လာ ခဲ့ ပါတယ်။ အဲ့ ဒီ အခန်း ထဲ မှာ ပဲ သီချင်းလေး နားထောင်ရင်း ဒီဇိုင်းဆွဲ နေကျပါတယ်။

တကယ့် ကိုဆိတ်ငြိမ် တဲ့ လှုပ် ရှား မှု ပဲဖြစ်ပါတယ်။ တကယ့် ကို ဆရာ ကြီးတွေ ပါပဲ။

 

 

လေ့ လာ ရေး ပြီး တဲ့ နောက် မှာတော့ ရွာ ထဲ ကို လမ်းလျှောက် ထွက် လာ ခဲ့ ပါတယ်။ ရွာ ထဲ မှာ လဲ အခြား အိုး ဖုတ် လုပ် ငန်း များ ကို တွေ့ မြင် ခဲ့ ၇ပါတယ်။

အိမ် သေးသေးလေး တွေ မှာ လဲ ပြု လုပ်နေ ကျ ပြီး တကယ့် ကို ချစ် စရာကောင်း တဲ့ ရွာ ကလေး တစ် ရွာ ပဲဖြစ် ပါတယ်။

လက်မှု ပစ္စည်းများ ကို နှစ် သက် ခုံ မင် တဲ့ သူ တို့ လာသင့် တဲ့ နေရာလေး ပဲဖြစ်ပါတယ်။ ဆာဂခရိုင် ဟာ လက်မှုပစ္စည်း နဲ့ ပက် သက် ပြီး အလွန် ကျော်ကြားတယ် ဆို တာ ကို သိလာ ရပါတယ်။

ဒါ့ကြောင့် တစ်နေရာ ထဲ ကြည့် ရုံ နဲ့ မလုံလောက်ခဲ့ ပါ ဘူး။

 

 

ပို ပြီး စိတ် ၀င် စားစရာကောင်းတာကတော့ ၊ မိမိ ကြိုက် နှစ် သက်ရာခွက် တစ်ခွက် ကို ရွေး ပြီး အချို ရည် မှာယူ လျှင် အဲ့ ခွက် နဲ့ ထည့် ပေး တတ်ပါတယ်။

 

အဲ့ ဒါ က ဂါရာ ရီ အာရီတ ပဲဖြစ်ပါတယ်။ နောက် ပြီး ဟင်းလျာများ လဲ မှာ ယူ စားသုံးနိုင်ပါတယ်။စာရေးသူ ညွှန်း ချင် တာ ကတော့ ကောက်ညှင်းလို အရသာ ရှိ တဲ့ တို့ဟူးဟင်းလျာ ပဲဖြစ်ပါတယ်။

 

ဒီ နား တစ်ဝိုက် က ပန်းကန်တွေ က တော့ဘယ်ဟင်းလျာ ကို ပဲထည့် ထည့် လိုက်ဖက် လှပါတယ်။

နောက် ပြီး အခြား လူ တို့ ရဲ့ ပန်းကန်ကလဲ လှ နေ တာ ကြောင့်ဓါတ်ပုံ ကို မလွတ် တမ်း ရိုက် လာ ခဲ့ ပါတယ်။

 

 

စားပြီး တဲ့ နောက် မှာတော့ အာရီတ အာရိရာ မှာ ရှိတဲ့ တောင်တွင်းလမ်း မကြီး မှာ လမ်းလျှောက်ရင်း ရှေးဟောင်း အဆောက် အဦး များ ကို ငေးမော ခဲ့ ပါတယ်။

မသိလိုက် မသိဘာသာ နဲ့ တို ဇန်းဘုရားကျောင်း ကို ရောက်လာ ပါတယ်။ ဒီ အနီး တ၀ိုက် ကလူတွေ ကိုးး ကွယ် တဲ့ နတ်ကျောင်း တစ်ကျောင်း ပဲဖြစ်ပါတယ်။စီးပွားရေးလာဘ်လာဘ ရွှင်ပါစေလို့ ဆုတောင်းခဲ့ပါတယ်။

 

 

ကျွန် တို့ လဲ လုပ် ကြည့်ခဲ့ ပါယတ်။ ၅ ယန်း ကျပ်စေ့ ကို   သေတ္တာ     ထဲ ပစ်ထည့် ရပါတယ်။ အိုမိခု ဂျိ ( အဆောင် ) ကိုတော့ ယူလာပါတယ်။နဲနဲ ခက် တာ ကတော့ ရေးထား တာ က ဂျပန် စာတွေ ချည်း ပဲပါတယ်။

ဒီ ထဲ မှာ ဆို ရင် တော့ အကောင်းဆုံး ကနေ အဆိုး ဆုံး ဆို တဲ့ အိုမိခုဂျိ ကို တန်း စီ ထား ပါတယ်။သိပ် မကောင်း တဲ့ ဟာ ရလာ ရင်တော့ အိမ် ပြန် မသယ် နဲ့ ပေါ့။

 

 

 

နောက် ပြီး တော့ ဇာတ် ကား ထဲ မှာ ပါတဲ့ နေရာ များ သို့ သွား ရောက် ကြည့် ရှု ခဲ့ပါတယ်။ စိတ်ဝင်စားဖို့ အကောင်းဆုံး ကတော့ ဒီဇိုင်း ကို ကိုယ်ကို တိုင် ရေးခဲ့ ရခြင်း ပဲဖြစ်ပါတယ်။

နောက် ပြီးး ၂ ပတ် လောက် ကြာ ရင် အိမ် တိုင်ရာရောက်ပို့ဆောင်ပေးပါသေးတယ်။ချစ်စရာကောင်းတယ်နော်နော်နော်။

 

ဒါနဲ့ အချစ် ရေး အဆင်ပြေ ချင် တယ် ဆို ရင်တော့ တာခဲအို ဘုရားကျောင်း ကို သွား ပါ။

 

 

လူပျိုကြီး အပျို ကြီး တွေ ရှက် နေစရာ မလို ဘူး သွား သင့် တဲ့ နေရာ လို့ ထင်ပါတယ်။

 

 

ဆုတောင်း ရမယ့် နည်း လမ်း ကတော့ ၊ ပထမ အတောင် ၀ယ်ပါ ။ စိတ်ကူး ထဲမှာ ရည်မှန်း ထား တဲ့ သူ ကို စဉ်း စား ပြီး ဆုတောင်း ခြင်း ကို ပြု လုပ်ပါ။

 

 

နောက် ပြီး တာခဲ အို ဘုရားကျောင်း အနီး မှာ နှစ် ပေါင်း ၃၀၀၀ ကျော် သက် တမ်း ရှိ တဲ့ သစ်ပင် ကြီး တစ်ပင် တည်ရှိပါတယ်။ဒီ နေရာ မှာ တော့ ဆု တောင်း စရာ မလို တဲ့ အတွက် ဓါတ်ပုံ ရိုက်ရုံလောက် နဲ့ ပဲပြီး သွား ပါတယ်။

နောက်ပြီး ဒီ အပင် အို ကြီး ထဲ မှာ ပဲstudio ghibli က တိုတို ရော ကာ ရိုက် တာ ရဲ့ အိမ် ဖြစ် ခဲ့ ပါတယ်။တိုတို ရော့ ကို ကြုက် နှစ် သက်တဲ့ သူ များ ကတော့ သေချာပေါက် သွားကြည့်ပါလို့ ပြော ချင် ပါတယ်။

 

နဲနဲလောက် လမ်း လျှောက် လာ လိုက် ရင် တာခဲအို စာ ကြည့်တိုက် ကို တွေ့ မြင့် ရမှာ ဖြစ်ပါတယ်။စာကြည့်တိုက် ထဲ မှာ ကဖေး ရှိ တယ် ဆို တာ ကတော့ အရမ်း မိုက် လွန်း ပါတယ်။

ထို့ကြောင့် စာကြည့်တိုက် ကို လာ ကျ တဲ့ သူ များ ပေါများ လှပါတယ်။ နောက်ပြီး စာအုပ် ဖတ် ဖို့ ပဲလာ တာ မဟုတ် ပဲနှင့် မိသားစုလိုက် အေးအေး ဆေးဆေး နေရန် လာရောက် လည်ပတ် သူများ လဲ ရှိပါတယ်။

 

 

ဒီ ညကတော့ အရမ်း လှ ခဲ့ တဲ့ ည ဖြစ်ပါတယ်။ အာဖုနဲ တောင် မှာ ကျင်း ပလေ့ ရှိတဲ့ လိုက် ရှိုး ၊မီး အလှ ပဲဖြစ်ပါတယ်။ တကယ် က ဒီ နေရာ က နေ့ခင်း သာာ ၀င်နိုင် ခြင်း ဖြစ်ပါတယ်။ နွေရာ သီ သာ လျင် ၈ နာ ရီ အထိ ၀င်ခွင့် ပေးခြင်း ဖြစ်ပါတယ်။

 

ဒီတစ်ခေါက် မီး စလိုက် ကတော့ teamlab ကတပ် ဆင် ပြုလုပ်ထား ပါတယ်။

ဒီ မီး အလှ ကတော့ ကျွန်တော့ အတွက် ကြီးမားး တဲ့ လက်ဆောင် တစ် ခု ဖြစ်ခဲ့ ပါတယ်။

 

"Hein Pyae Phyo"の旅行記

  1. おいしい豚カツ
Updated: 2016-10-17 16:47
Evaluation:
No votes yet
Updated: 2016-09-13 16:09
Evaluation:
No votes yet
Updated: 2016-09-12 16:09
Evaluation:
No votes yet
Updated: 2016-09-12 15:10
Evaluation:
No votes yet
Updated: 2016-09-12 14:03
Evaluation:
Average: 5 (1 vote)

စာမျက်နှာများ