I want to visit this.: 
No votes yet
2016/08/24

ဆာဂမြို့ ခရီးစဉ်နောက် ဆုံး နေ့လေးပဲဖြစ်ပါတယ်။ ဦးဆုံး တာခဲအို အွန်းစမ်း( ရေပူစမ်း)ကို သွား ခဲ့ပါတယ်။ အဖြူ နဲ့ အနီ တို့ ပေါင်းစပ်ထား တဲ့ ဂိတ်တံကား ကြီး ၊ ဆာကူရာ ဂိတ် ကြီး လို့ ခေါ် ဆို တဲ့ ၀င်ပေါက် ကနေ အဆောက် အဦး ကြီးကို ခံ့ညားစွာမြင်တွေ့ ရပါတယ်။

အဆောက် အဦး အတွင်းး မှာတော့ သမိုင်း ကြောင်း ကို စိတ်လိုလက်ရောက် ရှင်းပြပေးနေတဲ့ အဘိုးကြီး တစ်ယောက်ရှိပါတယ်။

 

 

ဒီနေရာ ကတော့ စာရေးသူ ညွှန်ပေးချင်တဲ့ နေရာ ပဲဖြစ်ပါတယ်။

အသုံးပြု ပုံကတော့ အရမ်းလွယ်ကူပါတယ်။အော် တို့ အရောင်း စက် ထဲ ပိုက် ဆံ ထည့် ပြီး ခလုတ်နှိပ်လိုက် ရင် ၀င်ခွင့် လက် မှတ် ထွက် လာ ပါလိမ့် မယ်။ ပြီးတော့ ရေပူစမ်းကန် ကြီး ထဲ နှပ် ရုံ ပါပဲ။

 

 

ရေပူစမ်း ၀င်ပြီးတဲ့ နောက် အေးအေး ဆေး ဆေး အနား ယူ လို့ လဲ ရပါသေးတယ်။

အချိုရည်အေးအေး လေး သောက် ရင်း အနားယူ လိုက်ရင် ပင်ပန်း သမျှ ပျောက် ကင်း သွား မှာ အသေ အချာ ပဲဖြစ်ပါတယ်။

 

 

ဒီနေ့ တော့ ယုကတ ( ဂျပန် ရိုးရာဝတ်စုံ) ကို ၀တ် ပြီး ယူးတိုခုအိနရိ ဘုရားကျောင်း ကို သွား ခဲ့ ပါတယ်။

ဒီနေရာလေး ကတော့ ဂျပန် ဒရမ် မာတွေ မှာ အမြဲ ပါတတ်တဲ့ နေရာလေး ဖြစ်က တံတား လေး အပေါ် က မြင်တွေ့ ရတဲ့ ရှု ခင်းက အံ့ အား သင့် စရာပဲ လို့ ပြောလို့ ရအောင် လှပလွန်း ပါတယ်။

တကယ်က လှေကားနဲ့ တက် ရတာ ဖြစ်ပေမယ့် ခုကတော့ ဓါတ်လှေကား နဲ့ တက်ခဲ့ ပါတယ်။ အပေါ် လဲ ရောက် ကော တကယ့်ကို ရင် သပ် ရှု မော ဖွယ် ရာ မြင် ကွင်း ကို မြင် တွေ့ ရတော့ တာပဲဖြစ်ပါတယ်။

 

 

ဘုရားကျောင်း မှာ ၀တ်ပြု ပြီး တဲ့ နောက်မှာ တော့ ဂိတ် နား မှာ ရှိ တဲ့ ဈေးဆိုင် တန်း လေးတွေ ဆီ ကို တစ်ပတ်ပတ် ရင်း လမ်းလျောက် ကာ အိမ် ပြန်လက်ဆောင် နဲနဲ ၀ယ်ပါတယ်။ ဈေးဆိုင် က သူ တို့ ကလဲ တကယ့်ကို ကြင်ကြင်နာနာ ရှိပါတယ်။

 

 

အဲ့ဒီနောက်မှာတော့ အရက် ချက် တဲ့ နေရာမှာ နာမည်ကြီး တဲ့ ဒေသ ဟိဇဲန်း ဟာရှုခု ကို သွား ခဲ့ ပါတယ်။ အရက် ချက် နေတဲ့ စက်ရုံ တို့ ကို သွား ကာ အရက် တို့ ကိုလည်း အမြည်း သုံးဆောင် နိုင် ခဲ့ ပါတယ်။

ဂျပန် အရက် က တကယ် ချို တာပဲ။ အရက် ကြိုက် တတ် တဲ့ သူတွေ ဒီ ကို လာ ကြည့်ကြည့်ပါ။

ကျွန်တော် လဲ မက်မန်း အရက် လက်ဆောင် ၀ယ် ခဲ့ ပါတယ်။ အဲ့ ဒီ အပြင် အရက် ရေ ခဲ မုန့် လဲ ရှိပါသေးတယ်။

 

 

အရက်သောက်ပြီး တော့ အချို ပွဲ စား သုံး ခဲ့ ပါတယ်။ ဟိဇဲန်း ဇဲန်းချ စင်တာ ( လက်ဖက် စိမ်း ရည် ) ကို အရသာ မြည်း ခဲ့ပါသေးတယ်။

ဒီ က လက်ဖက်စိမ်း ရည်ကတော့ ဥရဲရှိနော့ က လက် ဖက် စိမ်း ပဲဖြစ်ပါတယ်။နောက်ပြီး အစာစာခု လို့ ခေါ် တဲ့ မုန့် တစ်မျိုး လဲ ရှိပါသေးတယ်။

 

 

ဒီမှာ က တော့ လက်ဖက် စိမ်း ရည် ရဲ့ အကြောင်း ကို ကောင်းကောင်း ကြီး နား လည် လာပါတယ်။

နောက် ပြီးး လက်ဖက် ရွက် ကို လဲ စား ကြည့် ခဲ့ ပါတယ်။ အင်မတန် ခါး ခဲ့ ပါတယ်။

 

 

အဲ့ဒီနောက် မှာတော့ ရော်ရှိနော့ဂါ့ရိ ပန်းခြံ ကို သွား ခဲ့ ပါတယ်။ လွန် ခဲ့ တဲ့ နှစ် ပေါင်း ၂၀၀၀ လောက် က လူတွေ ဘယ်လို နေတယ် ဆို တာ ကို ပြန်လည် သရုပ်ဖေါ်ထား တဲ့ နေရာလေး ပဲဖြစ်ပါတယ်။

အဲ့ဒီခောတ် က (ဘယ်လို ရွာ ကို တည်ခဲ့ သလဲ ) ( ဘယ်လို အသက်မွေး ၀မ်းကြောင်း ပြုခဲ့ သလဲ ) ဆို တာ ကို နား လည်ခဲ့ ပါတယ်။

အဲ့ နေရာ က နောက် တစ် ခုကောင်း တာကတော့ သွား လို့ လွယ် တာ ပါပဲ။ ဆာဂ မြို့ ကနေ ရထား ရှိပါတယ်။

 

 

နောက်ဆုံး အနေနဲ့ ဆာဂ မြို့တော်ဝန်ရုံး ရှေ့ မှာ ကျင်း ပတဲ့ ဆာဂခရိုင် အလင်း ပရိုဂျက် ရှင်း ပဲဖြစ်ပါတယ်။

Teamlab အဖွဲ့ လိုက် ဖျော် ဖြေ တင် ဆက် တဲ့ ပရိုဂျက် ရှင်း အနု ပညာ နဲ့ ခပ် ဆင်ဆင် ဖြစ်ပေမယ့် ဒီ တစ် ခု ကတော့ ဆာဂမြို့ ရဲ့ ညအလှ ကို နောက် ခံ ထား ပြီး တင်ဆက် ပြသတဲ့ အတွက် အံ့အား သင့်လောက်အောင် လှပတယ် လို့ ဆို ချင်ပါတယ်။

နောက်ပြီး ၀င်ကြေး အခမဲ့ ဖြစ်ပါတယ်။ သေချာပေါက် သွားကြည့်သင့် တဲ့ နေရာ တစ်ခု ဖြစ်ပါတယ်။

 

 

"Hein Pyae Phyo"の旅行記

  1. おいしい豚カツ
Updated: 2016-10-17 16:47
Evaluation:
No votes yet
Updated: 2016-09-13 16:09
Evaluation:
No votes yet
Updated: 2016-09-12 16:09
Evaluation:
No votes yet
Updated: 2016-09-12 15:10
Evaluation:
No votes yet
Updated: 2016-09-12 14:03
Evaluation:
Average: 5 (1 vote)

စာမျက်နှာများ