I want to visit this.: 
No votes yet
2016/08/24

တည်းခိုခဲ့တဲ့နေရာ ( ကျိုတိုရ)

ဒီနေ့ကတော့ ကောင်းကောင်း အိပ် ရခဲ့ ပါတယ်။ အခန်းထဲ ၀င် လိုက် ပြီး အိပ် ယာပေါ် လှဲ တာနဲ့ တန်း အိပ် ပျော်သွားတာပဲ။

မနက် နိုးတော့ ခေါင်းနဲနဲကိုက် သွားတယ်။ ( မနေ့ က နေပြင်း တာကြောင့် )

 

 

တည်းတဲ့ နေရာကတော့ ကျိုတိုရလို့ခေါ်တဲ့ ဟိုတယ်ပဲဖြစ်ပါတယ်။ဘူတာနဲ့လဲ နီးပြီး ရေပူစမ်းလဲရှိပါတယ်။

မနက် စာ ကတော့ ဂျပန်ရိုးရာ အစားအသောက် နဲ့ ရေပူစမ်းကြက်ဥပြုတ် နဲ့ ပဲပုတ် ချပေးပါတယ်။ပဲပုတ်က နဲနဲ အနံ့ ပြင်း ပေမယ့် စားလို့ကောင်းခဲ့ပါတယ်။

အဲ့ဒီမှာမှ ချီးစ် ကို ထည့်ပြီး စား တဲ့ အတိုင်း အရသာ ထွက် ပေါ်လာပြီး ဆော့စ် နဲ့ မာစတာဒို နဲ့ ငံပြာရည် ထည့် မွှေပြီး ထမင်းပူပူလေးနဲ့ စားလိုက်တော့ အရမ်းလိုက် ပါတယ်။

 

 

၈ နာရီ မိနစ် ၅၀ တာခဲအို ရေပူစမ်းကိုသွားခဲ့ပါတယ်။ပထမဆုံး အဆောက် အဦး ၃ ခု ဆောက် ဖို့ ရည်ရွယ် ခဲ့ တယ် လို့ ဆို ပါတယ်။

ဒါပေမယ့် ရံပုံငွေ မလုံလောက် တာကြောင့် မတတ်နိုင်ခဲ့ ပါဘူး ။အနီ ရောင် အဆောက် အဦး ကြီး ဖြစ် တဲ့ အတွက် ဘယ် က နေ ကြည့် ကြည့် မြင် ရပါတယ်။

 

 

အဲ့ဒီနောက် ၁လွှာမှာ ရှိ တဲ့ ရေချိုး ကန် အဟောင်း ကြီး ကို သွား ကြည့် ခဲ့ပါတယ်။

အဲ့ ဒီ မှာတော့ ရေချိုး ကန်တွင်း ၀င်လိုက်တော့ မထိုင် နိုင် လို့ ထပဲထ နေလိုက် တယ်။

ရေချိုး ကန် ထဲ က ထွက် တော့ ၂ လွှာမှာ အေးအေးဆေးဆေး နားလို့ ရတဲ့ နေရာ ရှိပါတယ်။

 

 

နောက်တစ်နေရာကတော့ ယူတိုခု ဘုရားကျောင်းကိုသွားခဲ့ ပါတယ် ။ဒီ မှာ ကီမိုနို ၀တ်လို့ ရပါတယ်။

အရမ်းချစ်စရာကောင်း ပြီး ၀တ်ကြည့်တော့ လည်း လုံးဝ ကို မပူဘူးလို့ ခံစားရပါတယ်။ ဂျပန် မလေးလိုလို ဘာလိုလို နဲ့း) ။

 

 

အဲ့ ဒီ နောက်မှာတော့ ဂျပန် နိုင်ငံ သမိုင်း ကို ရှင်းလင်းတင်ပြပေးနေ တဲ့ သမိုင်းပန်းခြံ ကို သွား ခဲ့ ပါတယ်။

အဲ့ဒီ ထဲမှာတော့ ခဲတံတွေ လို မျိုး နံရံ ( အာမိ ဇကာ) က တန်း စီနေပြီး ၊ အပေါ် မှာ တော့ ရာ သီ ခွင် ဇယားလိုပုံစံမျိုး ငှက်လဲရှိပါတယ်။

ဒီရွာ ကတော့  နှစ် ပေါင်း ၂၀၀၀ ခန့် ကြာ မြင့် နေပြီး အိမ် ပေါင်း ၂၂ အိမ် တည်ရှိကာ လူ ၇ ယောက်သာနေထိုင်ခဲ့ တယ်လို့ ဆိုပါတယ်။

ဒီတစ်ဝိုက်မှာနေထိုင်ခဲ့ တဲ့ လူတွေက ဆန် နဲ့ သီးနှံ တို့ ကို စိုက်ပျိုးက ခေါင်းဆောင်ကြီး ဆီသို့ပို့ဆောင်ပေးရလေ့ ရှိပါတယ်။ ဆောင်းတွင်းမှာဆို အင်မတန် လှ ပပါတယ်။

 

ထို့နောက်မှာတော့ ၊ လက်ဘက်စိမ်းရည်နဲ့ အစစခု လို့ခေါ်တဲ့ ပန်းရောင် မုန့် ကို စားသုံးခဲ့ပါတယ်။

ဒီမှာရှိတဲ့ ဟာအားလုံးကတော့ ဈေးကြီး တာတွေ ချည်းပဲဖြစ်ပါတယ်။လက်ဘက်စိမ်းရည်ကတော့ ပထမအကြိမ် ၁ မိနစ် နဲ့ ၃၀ စန့်ကန့် နဲ့ ပြု လုပ် နိုင်ခဲ့ ပြီး ဒုတိယမြောက်မှာတော့ မိနစ်ဝက် ဖြင့် ပြုလုပ်နိုင်ခဲ့ပါတယ်။

 

 

ညစာနဲ့ ပက်သက်ပြီးပြောရရင်တော့ နေ့တိုင်း က စားလို့ကောင်းပါတယ်။

ဒါပေမယ့် ၊ဒီနေ့က လဲမွန်းဟိုက်ဘော်လ် ကို ပဲသောက်ခဲ့ပါတယ်။ကောင်းတော့လဲ ကြိုက် သွား ပြန်ပါတယ်။

 

 

နောက်ဆုံးမှာတော့ ဆာဂခရိုင် ရဲ့ Night of Light ဆိုတဲ့ ရှိုး ကို ကြည့်ခဲ့ပါတယ်။

၈ နာရီ လောက်ရောက်တော့ မီးစတင်ထွန်းပါတယ်။ မျက်နှာပြင်က ဖန်သားဖြစ်ပြီး အရမ်း ကိုလှ ပပါတယ်။

 

ပြီးသွားပါပြီ။ တစ်နေ့လုံး ဗိုက်အပြည့်ပဲဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်။

 

 

"Hein Pyae Phyo"の旅行記

  1. おいしい豚カツ
Updated: 2016-10-17 16:47
Evaluation:
No votes yet
Updated: 2016-09-13 16:09
Evaluation:
No votes yet
Updated: 2016-09-12 16:09
Evaluation:
No votes yet
Updated: 2016-09-12 15:10
Evaluation:
No votes yet
Updated: 2016-09-12 14:03
Evaluation:
Average: 5 (1 vote)

စာမျက်နှာများ