I want to visit this.: 
No votes yet
2016/08/23

ည ၂ နာရီ မှ အိပ် ပျော်သွားခဲ့ပေမယ့် မနက် ၆ နာရီလောက်ကျ နိုးနေပြီ။

ပုံမှန် နေ့ တွေ မှာ ဆို ရင် အဲ့ အချိန် မထသေးဘူး။

ဒီနေ့မနက် စာကတော့ စာဘ ငါး နဲ့ စားသုံးခဲ့ ပါတယ်။

စားလဲ ပြီးရော နောက် တစ် ကြိမ် အိပ် ချင်လောက်အောင် ကို ဗိုက်ပြည့်သွားပါတယ်။

 

 

ပထမဆုံးသွားခဲ့တဲ့နေရာကတော့ (အာရိတ)လို့ခေါ်တဲ့ မြို့ ။ဂျပန် နိုင်ငံရဲ့ ကြွေထည်မြေထည်လုပ်ငန်းဇုံ နေရာဖြစ်ပါတယ်။

အခန်း ၁ ပုံစံ ပြုလုပ်ခြင်း ။

အခန်း ၂ ပုံဆွဲခြင်း။

အခန်း ၃ ပြခန်း။

 

နောက်ပြီး ၊ အိုးခါဝါ ဥချိရာမ လို့ခေါ်တဲ့ နေရာကို ရောက်ခဲ့ပါတယ်။ဂျပန် နိုင်ငံ ကြွေထည် မြေထည် ရဲ့ ကနဦးနေရာတစ်ခုပဲဖြစ်ပါတယ်။

 

 

အဲ့ဒီနောက်မှာတော့ ၊ စူအဲရာမ ဘုရားကျောင်း ကို သွား ခဲ့ ပါတယ်။ ချစ်စရာကောင်းတဲ့ အဆောင်လက်ဖွဲ့လေးတွေ ကို ၀ယ်ခဲ့ပါတယ်။ကံကောင်းပါစေလို့ဆုတောင်ရင်းနဲ့ပေါ့။

 

 

အဆင့် တန်းမြင့် တဲ့ ပတ်ဝန်းကျင် ရှိတဲ့ ဆိုင် ကလေးထဲ ကို ၀င်ကြည့်ခဲ့ပါတယ်။

 

 

ဒီအနီး တစ်ဝိုက် ကတော့ နိုင်ငံခြားသားဧည့်သည်တွေ သိပ် မသိတဲ့ နေရာလေး ပဲဖြစ်ပါတယ်။

ဂလေရီရာ အာရီတာ လို့ခေါ်တဲ့ စားသောက်ဆိုင်မှာ ဆာဂ ဂျပန် အမဲသား ကင် ကို မှာ စားခဲ့ပါတယ်။ နူးညံ့ ပြီး အင်မတန်စားကောင်းပါတယ်။

အသား ကြိုက်သူတွေ အတွက်ကတော့ စားကြည့်သင့် တဲ့ နေရာ တစ်ခု ပဲဖြစ်ပါတယ်။

အဲ့ဒီ မှာ ပဲ နှမ်းပူတင်း ကို စားသုံး ခဲ့ ပါသေးတယ်။

ဂျပန် လူမျိုးတွေ အချို ပွဲ လုပ် တာ တကယ်တော် တာပဲလို့ ထင် ခဲ့မိပါတယ်။

 

 

 နောက်တော့ အိုးခွက် တို့ မှာ ဆေးခြယ်ချင်း အတွေ့ အကြုံ ကို လေ့လာခဲ့ပါတယ်။

ဒါပေမယ့် ထင်ထားတာထက် ပို ခက် တာကိုတွေ့ရပါတယ်။

ပြန်ခါကျ မှ အနုပညာကျောင်း ကို ပြန်သွား သင်ရလိမ့် မယ်လို့တွေးမိပါတယ်။

 

 

နောက်တစ်နေရာကတော့ တာခဲအို ဘုရားကျောင်းပဲဖြစ်ပါတယ်။

ဒီမှာ သက်တမ်း ၃၀၀၀ ကျော် တဲ့ သစ်ပင်ကြီး တစ်ပင်ရှိပါတယ်။

နောက်ပြီး နတ်ဘုရားဆီမှာ ဆုတောင် ရန် အတွက် အဆောင်လက်ဖွဲ့ တစ်ခု ၀ယ်ခဲ့ပါတယ်။

အဆောင် က အရောင် ၃ ရောင်ရှိပါတယ်။

ကျွန်တော်ကတော့ အနီရောင်လေး ကို ရွေး ခဲ့ပါတယ်။

 

 

အဲ့ဒီနောက်မှာတော့ တာခဲအို စာကြည့် တိုက် ကို သွား ခဲ့ ပါတယ်။ ဒီနေရာကတော့ တာခဲအို အမျိုးသား စာကြည့်တိုက်ပဲဖြစ်ပါတယ်။

ဂျပန် နိုင်ငံ ရဲ့ အကြီး ဆုံး စာကြည့်တိုက် ကတော့ ခိနော့ခုနိရ လို့ ခေါ်တဲ့ စာအုပ်ဆိုင်ကြီး ဖြစ်ပါတယ်။

ဒါပေမယ့် ဒီနေရာကလဲ အလွန် ကျယ် ပြီး စာအုပ်တွေ လဲ အများ ကြီး ရှိပါတယ်။

အဲ့ဒါအပြင် ဆိုင် အတွင်း မှာ Starbucks Coffee လဲ ရှိပါသေးတယ်။

 

 

ဒီနေ့ တည်း မယ့် နေရာ ပဲဖြစ်ပါတယ်။ အေးအေးဆေးဆေး နား ရင်း ညစာစားချိန် ရောက်လာခဲ့ပါတယ်။

ဒါပေမယ့် နေ့ခင်း က အမှန် အကန် စားထား တဲ့ အတွက် ဗိုက်ကပြည့်နေပါတယ်။

စိတ်မပူပါနဲ့ အစားအသောက်ကတော့ ဘယ်အချိန် ပဲဖြစ်ဖြစ် အဆင်ပြေ ပြီး သား ပါပဲ။

 

 

နောက်ဆုံးမှာတော့ မိဖုနဲ တောင် ကို သွား ပြီး အလှမီး သွား ကြည့်ခဲ့ပါတယ်။

အလှ မီးကလဲ ရှယ် ၊ သီချင်းလေးကလဲငြိမ့် နဲ့ အနားယူ နေရာမှာ ရေခဲခြစ် စားလာခဲ့ပါတယ်။

ရှု ခင်းတွေ လဲ အပြည့် နဲ့ ဗိုက် လဲ အပြည့် ဖြစ်သွားပါပြီ။

 

 

"Hein Pyae Phyo"の旅行記

  1. ဟိုဘရှိရ ကေဘယ်လ် စန်းရော့ခု ဘူတာ
Updated: 2016-07-26 14:22
Evaluation:
No votes yet
  1.  ဟောက်စ်စတန်းဘိုးစ် ရဲ့ ဥရောပ စတိုင် ရှု ခင်း
Updated: 2016-04-19 16:37
Evaluation:
No votes yet
  1. လမ်းတစ်လျောက်ဈေးများ
Updated: 2016-04-18 16:49
Evaluation:
No votes yet
  1. ရှု ရိ ရဲ တိုက်
Updated: 2016-04-12 16:48
Evaluation:
No votes yet

စာမျက်နှာများ