ကျွန်တော်သွားချင်တယ်: 
No votes yet

ကျနော့ ရဲ့ အမိ နိုင် ငံ က ကျောင်း က ကျောင်း အုပ်ဆရာ ကြီး က ဂျပန်ကိုလာ ရောက် လည် ပတ် တဲ့ အတွက် ခုမမိုတို ကို အလည် သွား ရန် ဖြစ်ပေါ် လာ ပါတယ်။

  မနက် စောစော ဟာကတဘူတာ ကနေ ကျည် ဆန် ရထား စီး နင်း က ထွက် ခွာ လာ ခဲ့ပါတယ်။ ဟာကတဘူတာကြီး က နေ ခုမမိုတိုဘူတာ အထိ မိနစ် ၅၀ ခန့် စီးနင်း ရပါတယ်။

ခုမမိုတိုဘူတာကိုရောက် တော့ အဲ့ ဒီ မှာ နေတဲ့ ဂျူနီယာ တစ်ယောက် က လာရောက် ကြို ပြီး သူ က ဘယ် တွေ ကို လည် ပတ် ရမလဲ ဆိုတဲ့ အချက် အလင် လေးေ တွ ကို ပါယူ ဆောင် လာ ပါတယ်။

အခုကနေ စပြီး ခုမမိုတို ခရီး စဉ် ကို စတင်ခဲ့ ပါတယ်။

ခုမမိုတို မှာ ရှေး တုန်း က ဓါတ် ရထား ကြီး တွေရှိ နေဆဲ ဖြစ် ပြီး အဲ့ ဒါ ကြီး ကို လဲ စီး နင်း ပြီး ခရီး ဆက် ခဲ့ပါတယ်။

၁၀ မိနစ် လောက်စီး ပြီး တော့ ခုမမိုတို ရဲတိုက် ကြီး တည်ရှိရာ ဘူတာ ကို ရောက် ရှိခဲ့ ပါတယ်။

အဲ့ ဒီ ဘူတာ နား က ဆိုင် လေး မှာ ပဲ အဆာပြေ လားမဲန်ခေါက် ဆွဲ ကို စား သုံး ခဲ့ ပါတယ်။

အခု ထိ စားဖူးသမျှ လားမဲန်တွေ ထဲ မှာ အကောင်း ဆုံး လို့ ထင်ရလောက် အောင် ကို ကောင်းပါတယ်။ ပြီး တော့ ရဲတိုက် ထဲကို ၀င် ခဲ့ ပါတယ်။

ဂျပန် နိုင် ငံ နာမည်ကြီး ရဲတိုက် ၃ မျိုး ကတော့ နာဂိုရာရဲတိုက် ၊ အိုဆာကာ ရဲတိုက်၊ နဲ့ ခုမမိုတို ရဲ တိုက် တို့ ဖြစ်ပါတယ်။ ခုမမိုတို ရဲတိုက် ကတော့ ပထ မအဖြစ် အရွေး ခံ ထား ရတယ် လို့ ပြော ကျပါတယ်။

အထဲ ၀င် ကြေး ကတော့ ၅၀၀ ယန်း ပဲဖြစ်ပါတယ်။

ရဲ တိုက် ရဲ့ အပေါ် ကိုတက် လေ လေ အံ့သြစရာတွေ တွေ့ လေလေ ပဲဖြစ်ပါတယ်။

နာဂိုရာရဲတိုက် နဲ့ ကိုခူရာ ရဲ တိုက်တို့ နဲ့ ယှဉ် ရင် အတော် ကြီး သော ရဲတိုက် တစ်ခုပဲဖြစ်ပါတယ်။

အဲ့ ဒီ့နေ့ က တိုင် ဖုန်း ရှိပေမယ့် လာရောက်လည်ပတ်သူ များ ပြားခဲ့ ပါတယ်။

အပြန်မှာ ဆာမူရိုင်းကြီး နဲ့ လဲ ဓါတ်ပုံ ရိုက် ခဲ့ ပါသေးတယ်။

သယ်ယူပို့ဆောင်ရေးနည်းလမ်: 
JR Hakata station က်ည္ဆန္ရထား
鉄道
မိနစ် ၅၀ ခန့်
ခုမမိုတိုဘူတာ
ဓါတ်ရထား ခူမမိုတို ဘူတာရှေ့
鉄道
၁၀ မိနစ်
ခုမမိုတို ရဲတိုက် မြို့ တော်ဝန်ရုံးရှေ့
 ခုမမိုတို ဘူတာ
kumamoto station

"Hein Pyae Phyo"の旅行記

  1. おいしい豚カツ
Updated: 2016-10-17 16:47
Evaluation:
No votes yet
Updated: 2016-09-13 16:09
Evaluation:
No votes yet
Updated: 2016-09-12 16:09
Evaluation:
No votes yet
Updated: 2016-09-12 15:10
Evaluation:
No votes yet
Updated: 2016-09-12 14:03
Evaluation:
Average: 5 (1 vote)

စာမျက်နှာများ