I want to visit this.: 
No votes yet
Kyushu Day 1 (18 February 2016)
ဒီနေ့ ကတော့ စစချင်း ကျူရှူး ရဲ့ အိမ် ၀င်ပေါက် လို့ ခေါ် ဆို တဲ့ ဖုခုအိုက မြို့ ကနေ ခရီး စပါမယ်။ ဖုခုအိုက ဟာ ကျူရှူးပြည်နယ် ရဲ့ တိုးတက်နေတဲ့ မြို့ ကြီး တစ် မြို့ ပဲဖြစ် ပါတယ်။
အခု တစ်ခေါက် ခရီး  မှာ အချိန် သိပ် ပြီး မရတာကြောင့် ဘတ်စ်ကား ၊ရထား ကို အသုံး မပြု ပဲ အငှား ကား နဲ့ သွား ပါမယ်။ ဂျပန် နိုင် ငံ ကို လာ ရောက် နေတဲ့ နိုင် ငံ ခြား သား များ ဟာ ဂျပန် လူ မျိုး တွေ နဲ့ ကောင်းကောင်း စကား မပြော နိုင် ပေ မယ့် ကား ငှား တာ က တော့ အတော် ကို အဆင် ပြော ချောမွေ့ ပါတယ်။ နိုင်ငံကူးလက်မှတ် နဲ့ နိုင် ငံတကား ယဉ်မောင်းလိုင် စင် ရှိ ရင် ကား ငှား နိုင် ပါတယ်။ နောက် တစ် ခု ကတော့ အင်္ဂလိပ် လို့ ရေးထား တဲ့ ရှင်း လင်း ချက် ကို ဖတ် ပြီး ရင် အိုကေ !
寿司栄  Sushi-Ei
            ကဲ ! ဂျပန် စကားပုံ လို့ ဗိုက် ဆာ ရင် စစ် တိုက် လို့ မရဘူး ဆို သလို ပဲ ။ ကျတော် တို့ ဟာ Sushi Ei လို့ ခေါ် တဲ့ ဆူရှီ ဆိုင် မှာ နေ့လည် စား ကို စား သုံး ခဲ့ ပါတယ်။ ဒီဆိုင် ရဲ့ အတွင်း ပိုင်း ဟာ ဂျပန် ရိုး ရာ အခန်း တွင်း အပြင် အဆင် ဖြစ် တဲ့ အတွက် ( တတမိ ) ဂျပန် ဖျာ ပေါ် မှာ ထိုင် ပြီး စား ခဲ့ ပါတယ်။ ထမင်း စား ပြီး ၊ ၅ မိနစ် လောက် လမ်းလျှောက် ရတဲ့ နေ၇ာ မှာ ဒါဇိုင်းဖု ဘုရားကျောင်း ကို သွားရောက် လည်ပတ် ခဲ့ ပါတယ်။
            ဒါဇိုင်းဖု ဘုရားကျောင်း ဟာ ဆို ရင် ကြာညောင်း လှ တဲ့ သမိုင်း ရှိ ပြီး ကံကောင်း ချင်း ရဲ့ နတ်ဘု ရား ဆို ပြီး ကိုးကွယ် ကြပါတယ်။ ဒီဘုရားကျောင်း ဟာ ( ဆုဂ၀ါရ ) နတ် ဘုရား ကို ကိုး ကွယ် တဲ့ ကျောင်း ပဲဖြစ် ပါတယ်။ (ဆုဂ၀ါရ ) ဟာ ပညာ သင် ကြားနေသူတွေ ၊ ကဗျာ ဆရာတွေ ၊ နဲ့ အစိုး ရပိုင်း တွေ ကြား မှာ နာမည် ကြီး တဲ့ နတ် ဘု ရား တစ် ဆူ ဖြစ်ပါတယ်။ နိုင် ငံ ခြား က လာ ရောက် လည် ပတ် သူတွေ တင် မက ပဲ နဲ့ ဂျပန် လူ မျိုး များ လဲ လာရောက် ပူ ဇော် သူ များ နဲ့ အစဉ် ပြည့် နှက် နေပါတယ်။ ဒီဘုရား ကျောင်း ဟာ ဆို ရင် ဆီးသီး ပင် တို့ နဲ့ ၀န်း ရံ ထား ပါတယ်။ဒါဇိုင်း ဖု ဘုရားကျောင်း ကို သွား လည်မယ် ဆို ရင် တော့ ဆီးသီး ပန်း ပွင့်လေး တွေ က ပွင့် လန်း နေတဲ့ အချိန် က အကောင်း ဆုံး ဖြစ် နိုင် ပါတယ်။
           ပူဇော် ဆုတောင်း မှု လုပ် တဲ့ အခါ မှာ ဂေါ့အဲန်း( ၅ ယန်း ) ကို အသုံး ပြု ပါ။ ဂျပန် လူ မျိုး တွေ ရဲ့ ယုံ ကြည် မှု မှာ ၅ ဂဏန်း ဟာ ကံကောင်း စေတယ် လို့ဆို ပါတယ်။ ဒါဇိုင်းဖု ကို ရောက် လာ ရင် စား ကြည့် သင့် တာ ကတော့ ဥမဲဂါအဲ မိုချိ ( ဆီးသီးကောက်ညှင်း မုန့် ) ဖြစ်ပါတယ်။ ဒီ မုန့် က တော့ ဒီ ဘု ရားကျောင်း ကလွဲ ပြီး မရှိပါဘူး ။ ဆီးသီးခြောက်မုန့် လေး နဲ့ ရေနွေး ကြမ်းလေး က လဲ အလွန် လိုက် ဖက် ပါတယ်။
ဒါဇိုင်းဖု ဘုရားကျောင်း
Umegae rice cake and green tea set
ခါမဒို နတ်ဘုရားကျောင်း
              ဒါဇိုင်းဖု မှာ ကတော့ စာပေသင်ကြားရေး ဆုတောင်း ပြည့် ဘု ရား တင် မဟုတ် ပဲ နဲ့ အချစ် ရေး ကံကောင်း စေတဲ့ နတ်ဘုရား လဲ ရှိ ပါသေး တယ်။ လူပျို ကြီး အပျို ကြီး တွေ လာ သင့် တဲ့ နေရာ ပဲဖြစ်ပါတယ်။ ! ဒီ အချစ် ရေး ကံ ထ သေ တဲ့ နတ် ကျောင်း ကတော့ (ခါမဒို နတ်ကျောင်း ) ပဲဖြစ်ပါတယ်။ အနီး နား မှာတောင် တန်းတွေ ရဲ့ အလှ ကို လဲ ကြည့် လို့ ရပါသေး တယ်။
 ဥရဲရှိနို အွန်းစမ်း ( ရေပူစမ်း) ခါဇု ရခု အဲန်း
             ဖု ခု အို က ကို ရောက် ရှိ ပြီး အပေါ် က နတ်ကျောင်း နှစ် ကျောင်း ကို သွား လိုက်တဲ့ အတွက် ပညာရေးကော ၊ နှလုံးသား ရေး ကော ကံထလာပြီ လို့ ထင်ပါတယ်။
            နောက် တစ် နေရာ ကတော့ စာဂ ခရိုင် ၊ ဥရဲရှိနို မြို့ မှာ ရှိတဲ့ အွန်းစမ်း ( ရေ ပူစမ်း ) ကို သွား ပါမယ်။ ဒီ က ရေပူစမ်း က ရေ ပူ ဟာ ဂျပန် မှာ ရှိ တဲ့ အသား ရေ လှ ပ သော ရေ ပူစမ်း စာရင်း နာပါတ် ၃ ၀င် တစ်နေရာ ဖြစ်ပါတယ်။ ဒီ ရေ ပူစမ်း ရဲ့ ထူး ခြား ချက် က ရေပူထဲ မှာ လက်ဖက် စိမ်း တွေ ပါဝင် နေတယ်လို့ ဆို ပါတယ်။ လက် ဖက် စိမ်း ဟာ အသား အရေ လှ ပ ချင်း ကို အထူး အထောက် အကူ ပြု ပါတယ်။
             နောက် ဆုံး အနေ နဲ့ ဒေ သခံ အစား အစာ ဖြစ် တဲ့ စာဂ အမဲသား ကို ထောပတ် လေး နဲ့ သုံး ဆောင် ခဲ့ ပါတယ်။ အလွန် နူးညံ့ တဲ့ အသား နဲ့ အရ သာ ကတော့ အံ့ မခန်း ပဲဖြစ်ပါတယ်။ Premium grade အသား ဖြစ် ပြီး ၊ ဈေး ကလဲ ကြီး ၊ လျှာ ပေါ် မှာ ယခု ထိ စွဲနေ ပါတယ်။
written by
"Hein Pyae Phyo"の旅行記
  1. おいしい豚カツ
Updated: 2016-10-17 16:47
Evaluation:
No votes yet
Updated: 2016-09-13 16:09
Evaluation:
No votes yet
Updated: 2016-09-12 16:09
Evaluation:
No votes yet
Updated: 2016-09-12 15:10
Evaluation:
No votes yet
Updated: 2016-09-12 14:03
Evaluation:
Average: 5 (1 vote)
စာမျက်နှာများ