I want to visit this.: 
No votes yet
2016/02/22

ကျူရှူး ပြည်နယ် အလည်တစ်ခေါက် ရဲ့ ၅ ရက်မြောက်နေ့ပဲဖြစ်ပါတယ်။ကျူရှူး တွင် နှင်းကျတယ်ဆိုတာကို မသိခဲ့ပါဘူး ။ နှင်းစကိတ်ကွင်းလဲရှိတယ်။ ဒီနေ့ အတွက် ခရီး စဉ် က တော့ ခုမမိုတိုကနေ အိုးအိတ က ယုဖုအင်း ရေပူစမ်းမြို့တော် အထိ သွား ခဲ့ ပါတယ်။ ရေပူစမ်းအမြောက်အများတည်ရှိတဲ့ နေရာ ဖြစ်ပြီး ၊ တောတောင်ထူထပ် ကာ ရာသီဥတုကလဲ အလွန် သာယာပါတယ်။

DSC_3410

 ခုဂျူးရှင်းလင်းပန်းခြံ စကိတ်ကွင်း ( တော အုပ်ပန်းခြံ )
ကျူရှူး မှာလဲ နှင်းစကိတ် ကွင်းရှိတာပါလား ။ ထို နေရာ ကို ခရီးသွားတွေ အများ ကြီး လာကြပါတယ်။ ဂျပန် လူမျိုးတွေကော ၊ အထူး သဖြင့် ကိုရီးယားလူမျိုးတွေ အများအပြားတွေ့ခဲ့ ရပါတယ်။စကိတ်ကွင်းကြေးကတော့ ပတ်ကေ့ခ်ျလို့ခေါ်တဲ့ အတွဲလိုက် ပေးဆောင်ခြင်းပါ။(ဥပမာ ဖုခုအိုက မြို့ကနေ ရထား လက်မှတ် နဲ့ အတူ၊ ရေပူစမ်းနဲ့ အတူ ၊ အငှား အနစ် အ၀တ် ၊ နဲ့ စကိတ် အစရှိသည်) တို့ ဖြစ်ပါတယ်။ ဒါပေမယ့် ရာ သီ ကိုလိုက်ပြီး ပက်ကေ့ခ်ျ ဈေးနှုန်းက ကွားခြားနိုင်ပါတယ်။

DSC_3388

 

 

Kujyu Dream Suspension Bridge「ခုဂျူး ကြိုးတံတား」

တံတားရှည်ကြီး တစ်စင်းဖြစ်ကာ၊ ဂျပန်နိုင်ငံ ဒုတိယ အကြီးဆုံး တံတားကြီးလဲဖြစ်ပါတယ်။ဒီနေရာမှာလဲ ခရီးသွားတွေ အင်မတန်ပေါများပါတယ်။တစ်ခါထဲနဲ့ လူ ၁၈၀၀ ဖြတ် သန်းသွားလို့ရတဲ့ သန်မာတဲ့ တံတားကြီးဖြစ်ပါတယ်။ တံတားရဲ့ အရှည်က ၁၉၀ မီတာ ၊ အမြင့်က ၁၇၃ မီတာရှိပါတယ်။ဂျပန် နိုင်ငံ ရဲ့ လမ်းလျှောက်ရန် အမြင့်ဆုံးတံတားလို့ ပြောဆိုကြပါတယ်။ပင်လယ်ရေမျက်နှာပြင်အထက် ၇၇၀ မီတာ ဖြစ်ပါတယ်။တံတားပေါ်ကနေ အိုဒခိ ရေတံခွန် နဲ့ မယ်ဒခိရေတံခွန် တို့ ကို တွေ့ မြင် နိုင်ပါတယ်။

DSC_3422DSC_3470DSC_3433

 

 

 

 ယုဖုအင်း

အိုးအိတ ရဲ့ တိတ်ဆိတ်ငြိမ်သက်တဲ့ ရေပူစမ်းဒေသ ၊ ယုဖုအင်းလို့ ခေါ်ဆိုတဲ့ မြို့လေး ဖြစ်ပြီး ရေပူစမ်းတွေအများ အပြားတည်ရှိရာနေရာဖြစ်ပါတယ်။ ဒီနေရာမှ ဆို ရင် ကော်ဖီဆိုင် ၊ မုန့်ဆိုင် ၊ လက်ဆောင် ပစ္စ ည်း အရောင်း ဆိုင် များ လဲ ရှိပါတယ်။ အရသာအမျိုးမျိုးသော ရေခဲမုန့်များ ၊ နောက်ပြီး လာရောက် တဲ့ သူများ လဲ ပေါများ ခြင်းတို့ ကြောင့် တစ်နေကုန် လျှောက်သွားနေရင်တောင် ပျင်းမှာ မဟုတ် ပါဘူး။ 

DSC_3560

 

(Mt.Yufu Viewpoint)
ယုဖုတောင်ကနေ အမျိုးမျိုးသောရှုခင်းတို့ ကိုမြင်တွေ့နိုင်ပါတယ်။ မြို့ နဲ့ တောင်က အလွန် လှပါတယ်။

DSC_3490

ခင်းလင်း ရေကန် (Kinrin Lake)

ယုဖုအင်း ရဲ့ သဘာဝကြီး ရဲ့ အလယ်မှာရှိတဲ့ ရေကန်။ ငါးတွေလဲ အများ ကြီး ပဲ။

DSC_3511

 

ယုဖုအင်း မြို့ ရိုးကိတ် ဆိုင် B – Speak

ဒီဆိုင်က ကိတ် မုန့် ကတော့ အတော် နာမည်ကြီးပါတယ်။ တကယ်လို့ ယုဖုအင်း မြို့ကို သွား ရင် သေချာပေါက် စားကြည့်ပါ။ ဒါပေမယ့် နေ့ခင်း ၁၁ လောက်ရောက်ရင် ရောင်းကုန်သွားတတ်တဲ့ အတွက် ကြိုမှာ ဖို့တော့လိုမယ်နော်။

DSC_3550

 

Snoopy Cha-Ya
စနူပီ နဲ့ ပက် သက် တဲ့ လက်ဆောင်တွေ ရောင်း တဲ့ ကဖေး ဆိုင် နဲ့ တွဲ ဖွင့် ထား တဲ့ ဆိုင်လေး ဖြစ်ပါတယ်။

IMG_6186

 

Studio Ghibli Shop
အိမ်ပြန်လက်ဆောင်ဆိုင်တွေ ၊ နာမည်ကြီး အန်းနီးမဲ နဲ့ ပက်သက်တဲ့ ပစ္စည်း အရောင်းဆိုင်များ တည်ရှိပါတယ်။ဥပမာ Spirited Away၊ တိုတို ရော ၊ အသေးလေး ကနေ အကြီး ကြီး ထိရှိပါတယ်။

 

XT015786

 

 

 

 

"Hein Pyae Phyo"の旅行記

  1. おいしい豚カツ
Updated: 2016-10-17 16:47
Evaluation:
No votes yet
Updated: 2016-09-13 16:09
Evaluation:
No votes yet
Updated: 2016-09-12 16:09
Evaluation:
No votes yet
Updated: 2016-09-12 15:10
Evaluation:
No votes yet
Updated: 2016-09-12 14:03
Evaluation:
Average: 5 (1 vote)

စာမျက်နှာများ

People who have read this article were also interested in the following travel essay.